Sunday, February 20, 2022

စတော့ အမျိုးစား

 စတော့လို့ဆိုရာမှာ သာမန်အားဖြင်. ရိုးရိုး စတော့လို့ခေါ်တဲ့ commom stock နဲ့ အထူးစတော့ လို့ခေါ်တဲ့prefer stock ဟူ၍ ၂ မျိုးရှိပါတယ်။
 

ကျွန်တော်တို့ 'စတော့လို့'ပြောရင် သာမန်ရိုးရိုးစတော့ ကို ဆိုလိုတာပါ။ ရိုးရိုးစတော့လို့ ဆိုပေမယ့် အမှန်တကယ်တော့ မရိုးပါဘူး။ ဒီ စတော့ ကို ဝယ်ခြင်းအားဖြင့် ကုမ္မဏီ ရဲ့ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ပါတယ်။ 

အကယ်၍ ကုမ္မဏီက နှစ်ချုူပ်လို့ အမြတ်ငွေ ရရင် ဒီစတော့ ပိုင်ဆိုင်တဲ့ သူတွေကို ပိုင်ဆိုင်တဲ့ ပမာဏအလျောက် ခွဲဝေပေးပါတယ်။ ဘယ်လို ခွဲဝေပေးသလဲ ဆိုရင် ဥပမာ ကုမ္မဏီ ရဲ့အမြတ်ငွေက သိန်း100 ဆိုရင် သူထုတ်တားတဲ့ စတော့ အရေအတွက် ပေါင်း က 100 ခု ဆိုပါတော့။ 

ဒါဆိုရင် သိန်း100 ကို 100 ပုံ ပုံရင် 1 ပုံ ကို တစ်သိန်းရမှာပေါ့။ အကယ်၍ ကိုယ်က စတော့ 2ခုပိုင်ရင် နှစ်သိန်းရမှာပေါ့။ အဲ ဒီခွဲဝေ ပေးတဲ့ အမြတ် ကို Earning per Share အတိုကောက် EPS လို့ပြေလေ့ ရှိပါတယ်။ 


စတော့စျေးနှန်းကြည့်တဲ့website တစ်ခုဖြစ်တဲ့ Finance.yahoo.com ကို သွားပြီး search box မှာ AAPL လို့ရိုက်လိုက်မယ် ဆိုရင် apple computer ကုမ္မဏီ ရဲ့စတော့ရှယ်ယာ တန်းဖိုးကို ဖော်ပြပါလိမ့်မယ်။ 

AAPL ဆိုတာ apple ကုမ္မဏီကို ကိုယ်စားပြုတဲ့ အတိုကောက် စာလုံးပါ။ ကုမ္မဏီတိုင်း က သူ့ကိုယ်စားပြု အတိုကောက်စာလုံး ရှိလေ့ရှိပါတယ်။ စတော့ ဝယ်ခြင်းအားဖြင့်အဓိက ဝင်ငွေရတဲ့နည်းလမ်း ကတော့ Growth စျေးတက်ဖို့ များတဲ့စတော့ ကို ရွေးဝယ်ခြင်းပါ။  

စတော့ မှာ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေးသမား အများစု က အဲဒီ စတော့ ကို ပိုင်ထားလို့ အစုရှယ်ယာ ရတာထက် အဲဒီ စတော့ ရှယ်ယာ ရဲ့စျေးနှုန်း တက် သွားတာကို ပိုဂရုစိုက်ကြပါတယ်။ ဘာလို့လဲဆိုတော့ စျေးနှုန်း တက်တာက များသောအားဖြင့် ငွေပိုရကြလို့ပါ။


စတော့ဆိုတာ အများက အတက်အကျ များတယ် ဆိုပေမယ့် ရေရှည်မှာ စျေးတက်ဖို့များပြီး အချိန်အနည်းငယ် ပေးပြီး လေ့လာမယ် ဆိုရင် ဝင်ငွေ အတော်သင့်ဝင်အောင် လုပ်နိင်တဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှူ တစ်ခု ဖြစ်သည်။ ဒီလင်.ကို နှိပ်ပြီး အတက်ကျကြည်.လို.ရတယ်။

(  https://finance.yahoo.com/ )

No comments:

Post a Comment

စတော့ ပေါက်စျေး ဘယ်လို သိမလဲ?

 စတော့ပေါက်စျေးကြည့်ဖို့ဆိုတာ website တော်တော်များများရှိပါတယ်။ နိုင်ငံ အလိုက်ပေါ့။ စတော့ အရောင်း အဝယ်ကို နိုင်ငံ  များစွာ၌ လုပ်လို့ ၍ ရသည်...