Sunday, February 20, 2022

အစုရှယ်ယာ ဝင်ငွေ နှုင်. ရှယ်ယာရောင်း/ဝယ်ခြင်း

 အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်ခြင်းဖြင့် ဝင်ငွေ (၂) မျိုး ရရှိနိုင် ပါတယ်။

  • အစုအပေါ်အမြတ်ဝင်ငွေ (Dividends) – ကုမ္ပဏီကို တစ်စိတ် တစ်ပိုင်း ပိုင်ဆိုင်သူဖြစ်တဲ့အတွက် အကျိုးအမြတ်တွေအပေါ်မှာ ပိုင်ဆိုင်တဲ့အစုအလိုက် အကျိုးခံစားခွင့် ရှိပါတယ်shwedingar.com ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ် ပေးဝေဖို့ ဆုံးဖြတ် လိုက် တဲ့အခါ အစုအပေါ်အမြတ်ဝင်ငွေ ရရှိပါလိမ့်မယ်။
  • ရေရှည်အမြတ်အစွန်းဝင်ငွေ (Capital gains) – ကုမ္ပဏီက တိုးတက်ပြီး အကျိုးအမြတ် များသထက်များအောင် လုပ်ဆောင် နိုင်တယ်ဆိုရင် ကုမ္ပဏီရဲ့ တန်ဖိုးကလည်း မြင့်တက်လာပါလိမ့်မယ်၊
  • ဒါဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာကလည်း တန်ဖိုး မြင့်တက် လာပါလိမ့်မယ်၊ ကိုယ်ဝယ်ယူခဲ့တဲ့ တန်ဖိုးထက် များတဲ့ တန်ဖိုးနဲ့ ပြန်လည်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ် ရရှိ နိုင်ပါတယ်။

စတော့ရှယ်ယာတွေကို အရောင်းအဝယ်လုပ်ကြတဲ့ အကြောင်းအရင်း နောက်တစ်ခုကတော့ ကုမ္ပဏီအပေါ်ကို ထိန်းချုပ်ခွင့် ရချင်တဲ့ အတွက် ပါ။ အစုရှယ်ယာရှင်တွေက ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတွေ ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေမှာ မဲပေးပိုင်ခွင့် ရှိပါတယ်။ 

ဒါပေမယ့်လည်း ရှယ်ယာအမျိုးအစား တိုင်းကတော့ မဲပေးခွင့်ရရှိမှာ မဟုတ်ပါဘူး။ ရှယ်ယာအပေါ်မူတည်ပြီး အခွင့်အရေး အမျိုးမျိုး ရှိတတ် ပါတယ်။

စတော့ရှယ်ယာ ဝယ်ခြင်း၊ ရောင်းခြင်းဖြင့် ဘယ်လိုဆုံးရှုံးနိုင်ခြေရှိလဲ။

စတော့ရှယ်ယာ စျေးကွက်မှာ ရင်းနှီးမြှုပ်နှံခြင်းက အကျိုးအမြတ် ရှိနိုင် သလို ဆုံးရှုံးနိုင်ခြေလည်းရှိပါတယ်။

ကုမ္ပဏီတွေဆိုတာက အမြဲတမ်း အကျိုးအမြတ်ရနေတာ မဟုတ်တော့ အမြဲတမ်းလည်း တန်ဖိုးတက်နေမှာ မဟုတ်ပါဘူ။ ကုမ္ပဏီတိုင်း ကလည်း အစုအပေါ်အမြတ် ခွဲဝေမပေးပါဘူး။ အဲလိုခွဲဝေပေးတဲ့ ကုမ္ပဏီတွေ ကလည်း နောင်တစ်ချိန်မှာ မပေးတော့တာမျိုးလည်း လုပ်လို့ရပါတယ်။ တကယ်လို့ ကုမ္ပဏီရဲ့တန်ဖိုး မတက်လာဘူး ဆိုရင် ကိုယ်ပိုင်ဆိုင် ထားတဲ့ အစုရှယ်ယာ တန်ဖိုးကလည်း တက်လာမှာ မဟုတ်ပါဘူး။

ကုမ္ပဏီတစ်ခုရဲ့ အကျိုးအမြတ်၊ တိုးတက်မှုနဲ့ လုပ်ငန်းတန်ဖိုးတွေက အကြောင်းအချက်အများကြီးအပေါ် မူတည်ပါတယ်။ ညံ့ဖျင်းတဲ့ စီမံ ခန့်ခွဲမှု၊ ကံဆိုးခြင်းတွေကလည်း ကုမ္ပဏီရဲ့တန်ဖိုးကို ကျဆင်း စေနိုင် သလို နိုင်ငံရေး သို့မဟုတ် ဥပဒေအပြောင်းအလဲ၊ စစ်ပွဲ၊ ကူးစက် ရောဂါ အစရှိတဲ့ ကုမ္ပဏီရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ အခြားပြင်ပ အကြောင်း အရင်းများကလည်း ကုမ္ပဏီရဲ့တန်ဖိုးကို တဟုန်ထိုး ကျဆင်း စေနိုင်ပါ သေးတယ်။

အဲဒီလိုမျိုးဖြစ်တဲ့အခါ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခြင်းက ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ ရရှိအောင် ဖန်တီးပေးနိုင်မှာ မဟုတ် ပါဘူး။ ဒါ့အပြင် အဆိုးဆုံးအခြေအနေ အနေနဲ့ ကုမ္ပဏီရဲ့ စီးပွား ရေးလုံးဝ ရပ်တန့်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေက လုံးဝ တန်ဖိုး မရှိတော့တဲ့ အထိလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လို အစုရှယ်ယာတွေကို ရောင်းဝယ်လို့ရမလဲ။

ကိုယ်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီက အများပြည်သူပိုင် စာရင်းဝင်ကုမ္ပဏီ ဖြစ်တယ်ဆိုရင် အဲဒီကုမ္ပဏီ စာရင်းဝင်ထားတဲ့ စတော့အိပ်ချိန်းမှာ အရောင်းအဝယ် လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်စတော့ အိပ်ချိန်းမှာ ကုမ္ပဏီ (၆) ခုက စာရင်းဝင် ထားပါတယ်။ အဲဒီကုမ္ပဏီ (၆) ခုရဲ့ အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်လို့ရပါတယ်။

ကုမၸဏီက အများပြည်သူပိုင် ဖြစ်ပေမယ့် စာရင်းမဝင်ထားဘူးဆိုရင် ငွေစျေးသက်သေခံ ကုပ္မဏီများရဲ့ အကူအညီနဲ့ အရောင်းအဝယ် ပြုလုပ် လို့ ရကောင်း ရနိုင်ပါတယ်။

ပုဂ္ဂလိက ကုမၸဏီတွေရဲ့ အစုရှယ်ယာ အတွက်တော့ ရင်းနှီးမြှုပ်နှံဖို့ ပိုခက်ခဲပါတယ်s။ သူတို့မှာ ထားရှိနိုင်တဲ့ အစုရှယ်ယာဝင် အရေအတွက် ကို ကန့်သတ်ထားပြီး များသောအားဖြင့် ရှယ်ယာတွေကို ထုတ်မရောင်း တာ များပါတယ်s။ ပုဂ္ဂလိကကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံ ချင်တယ် ဆိုရင်တော့ လက်ရှိပိုင်ရှင် (လက်ရှိ ရှယ်ယာရှင်များ)နဲ့ တိုက်ရိုက် တွေ့ဆုံပြီး ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ (source; shwedingar.com)  hello

No comments:

Post a Comment

စတော့ ပေါက်စျေး ဘယ်လို သိမလဲ?

 စတော့ပေါက်စျေးကြည့်ဖို့ဆိုတာ website တော်တော်များများရှိပါတယ်။ နိုင်ငံ အလိုက်ပေါ့။ စတော့ အရောင်း အဝယ်ကို နိုင်ငံ  များစွာ၌ လုပ်လို့ ၍ ရသည်...