Sunday, February 20, 2022

စတော့ (Stock) အစုရှယ်ယာ (Shares)?

စတော့ (Stock) လို့ပြောရင် ကုမ္ပဏီတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင် မှုကို ဆိုလိုတာဖြစ်ပြီး ၊ အစုရှယ်ယာ (Shares) ဆိုတာကတော့ ကုမ္ပဏီ မှာရှိတဲ့ ပိုင်ဆိုင်မှုယူနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ကုမ္ပဏီ တစ်ခုမှာ စတော့တစ်ခု ပိုင်ဆိုင်ထားတယ်လို့ပြောရင် ဒီစတော့ထဲမှာ အစု ရှယ်ယာ အများကြီး ပါဝင်နိုင်ပါတယ်။ စတော့လို့ပြောရင် ကုမ္ပဏီ တစ်ခုရဲ့ အစု ရှယ်ယာ တွေကို စုပေါင်းပြီး ခြုံငုံခေါ်ဆိုတာဖြစ်ပါတယ်။

 
စတော့ကို ရှယ်ယာလို့ သုံးလေ့ရှိသလို ရှယ်ယာကိုလည်း စတော့လို့ အပြန်အလှန် ပြောင်းလဲ သုံးနှုန်လေ့ ရှိပါတယ်။ ကုမ္ပဏီတစ်ခုမှာ စတော့တစ်ခု (သို့မဟုတ် ရှယ်ယာများ) ပိုင်ဆိုင်ထားတယ် ဆိုရင် အဲဒီကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပြီး ကုမ္ပဏီရဲ့ အစုရှယ်ယာရှင် (shareholder or stockholder) ဖြစ်လာပါတယ်။

No comments:

Post a Comment

စတော့ ပေါက်စျေး ဘယ်လို သိမလဲ?

 စတော့ပေါက်စျေးကြည့်ဖို့ဆိုတာ website တော်တော်များများရှိပါတယ်။ နိုင်ငံ အလိုက်ပေါ့။ စတော့ အရောင်း အဝယ်ကို နိုင်ငံ  များစွာ၌ လုပ်လို့ ၍ ရသည်...